ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပပြီးစီး






ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ဖေဖော်ဝါရီ (၂၂)ရက် နံနက်ပိုင်းက အဆိုပါကျောင်း၏ ပင်မဆောင်နှင့် ဘွဲ့နှင်းသ ဘင်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ (၂၅)ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားအား ပင်မဆောင်အရှေ့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါ‌မောက္ခချုပ်နှင့် အငြိမ်းစားပါမောက္ခချုပ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာလုံးစာအုပ်စင်နှင့် လှိုင်းတွန့်စာအုပ်စင်တို့တွင် နာမည်ကျော်စာရေးဆရာများ၏ သုတ/ရသစာအုပ်မျိုးစုံ ၁၀၀၀ ကျော်ရှိ စာအုပ်ပြခန်းများ၊ စာရေးဆရာများစွာ၏ စာပေလက်ရာများကို  အပလီကေးရှင်း (Application) ဆော်ဝဲလ်ပြုလုပ်ပြီး ဖုန်းတွင် ထည့်သွင်းထားပြီး မိမိနားထောင်ချင်သော စာရေးဆရာ၏ အမည်ကို ရိုက်သွင်းလိုက်ရုံဖြင့် ဖတ်ပြသော(ရွှေနားဆင် ) (Application)နှင့် မိမိဖတ်ချင်သော စာရေးဆရာ၏အမည်ကို ဖုန်းတွင် ရိုက်သွင်းခြင်းဖြင့် ဖတ်လို့ရနိုင်သည့်  Shwe note၊ wun zinn (Application) စသည့်ဖြင့် ပြသထားရှိမှုများကို လည်းကောင်း၊ အရှေ့ပိုင်းတက္ကသိုလ်၏ ဘာသာရပ်ဌာနအလိုက် ပြခန်းများအား လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် အခမ်းအနားအား ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာကျောင်းသား၊ ကျောင်းသူများက စွယ်တော်ရိပ်ခို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသီချင်းအား သီဆိုဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် ဆုရရှိသူများ၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများနှင့်နိုင်ငံဝန်ထမ်း တက္ကသိုလ်သင်တန်းများတွင် ဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ရာ ပါမောက္ခချုပ်နှင့် အငြိမ်းစား ပါမောက္ခချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ပွဲသို့ ဂုဏ်ပြုထောက်ပံ့ငွေများအား လည်းကောင်း၊သီဆိုဖျော်ဖြေပေးသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ချီးမြှင့်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)