MNP ၊ ဖေဖော်ဝါရီ ၁၉
မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် ပတ်စ်ပိုစ်လုပ်ရန် လူတန်းစီရင်း တိုးဝှေ့ကြရာမှ လူအုပ်ပိ၍ အမျိုးသမီး နှစ်ဦးသေဆုံးကာ တစ်ဦး ခြေထောက်ကျိုးသွားပြီးဦးခေါင်းထိခိုက် ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ရသည်။
ယနေ့ ဖဖော်ဝါရီလ ၁၉ ရက် နံနက်အာရုံမတက်ခင်အချိန်က ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး လူအုပ်စုအတွင်း မဟုတ်မမှန် လုပ်ကြံဖန်တီးလှုံ့ဆော်ရာမှ ဝရုန်းသုန်းကား ပြေးကြခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ တစ်ဦးက "မန္တလေး ပက်စပိုရုံး ဖြစ်စဉ်က ထင်သလောက်မရိုးသားဘူး။ တစ်နေ့ လူ ၂၀၀ ပဲပေးတာလည်း မှန်တယ်။ လူထောင်ချီ တန်းစီနေတာလည်း မှန်တယ်။ လူအုပ်တက်နင်းမိလို့ သေကုန်တာလည်း မှန်တယ်။ လူစားထိုးအငှားတန်း နေရာရောင်းစားတာလည်းမှန်တယ်။ ဖြစ်စဉ်မဖြစ်ခင်မှာ ပေါ်တာဆွဲနေပြီ၊ စစ်သားတွေလာနေပြီဆိုပြီး အော်ပြေးတဲ့ကောင်တွေရှိတယ်။ သွေးထိုးလှုံ့ဆော်ပြီး အော်ပြေးတဲ့ကောင်တွေကြောင့် လူအုပ်ကြီးက ဝရုန်းကားပြေးရင်း မဖြစ်သင့်တာတွေ ဖြစ်ကုန်ရတာပါ။" ဟု သုံးသပ်တင်ပြထားသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေပေါ်ပေါက်လာပြီး ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများက PDF ကဲ့သို့သော အကြမ်းဖက်အဖွဲ့အတွင်း ဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းမှုများ ပိုမိုလုပ်ဆောင်လာပြီး စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ပေါ်တာစွဲနေပြီဟူသော သတင်းများကို ပြည်ဖျက်မီဒီယာများတွင် မဟုတ်မမှန် လုပ်ကြံဖန်တီး၍ နေ့စဉ်ဖော်ပြလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့ဏည်းခြင်း၊ နည်းဥပဒေထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်နေဆဲအခြေအနေသာဖြစ်ပြီး ပြည်ဖျက်မီဒီယာများမှ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများနှင့် ပတ်သက်၍လည်း မိဘပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် စိုးရိမ်မှုမဖြစ်ကြစေရန် ဥပဒေ၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment