MNP ၊ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူ ၂၀၀၀ ကျော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲ ကျင်းပခဲ့ကြပြီး ဥပဒေပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အများပြည်သူကြားတွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေမှုများ ပြုလုပ်နေသည့်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာ အဆင့်တွေဖွဲ့စည်းသွားမှာ ဖြစ်တယ်။ စနစ်တကျ ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒီလိုခေါ်ယူတဲ့ နေရာမှာလဲ ပညာသင်ကြားနေတဲ့ ကျောင်းသူ/ ကျောင်းသားများအနေနဲ့ အသက်အရွယ် အကြုံးဝင်သည့်တိုင်အောင် နိုင်ငံခြား ထွက်နေတဲ့ ပညာသင်ကြားနေတဲ့ သူတွေကလဲ ပညာဆုံးခန်းတိုင်အောင် ပညာ ဆက်လက်ပညာသင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။ သို့သော် ရေရှည် Long Term Plan မှာတော့ အကြုံဝင်တဲ့ သူတွေအားလုံးသည် နိုင်ငံတော်ကာကွယ်ရေး ပညာကို တက်မြောက်ပြီး ဖြစ်ရမယ်ဆိုတာကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီတစ်နှစ် နှစ်နှစ် သုံးလေးနှစ်ရည်မှန်းထားတာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်း များစွာထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အသိ၊ အတတ် ပြည့်ဝနေတဲ့သူတွေ ဖြစ်တယ်ဆိုတာမျိုးဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်တယ်" ဟု ပြောဆိုထားသည်။
ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများနှင့် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး၍ ဝေဝေဆာဆာ ဖြန့်ဝေလျက်ရှိသော်လည်း မြို့နယ်အသီးသီးတွင် မျိုးချစ်ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment