နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာအုပ်စု၌ တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာအုပ်စု၌ တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်




MNP ၊ ဖေဖော်ဝါရီ ၂၁

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာအုပ်စု၊ ရေအေး KC ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဆောင်းသီးနှံနှင့် နွေသီးနှံ စိုက်ပျိုးထွက်ရှိမှုအခြေ အနေများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသီးသီးရှင်းလင်း တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ နိုင်ရန်အတွက် စိုက်ပျိုးဧရိယာတိုးချဲ့စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စပါးအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ရေအေးကျေးရွာအုပ်စုနှင့် ညောင်တုန်းအိုင်ကျေးရွာအုပ်စုမှ တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာ များ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေအေးကျေးရွာအနီးရှိ နွေစပါးကို မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)