နတ်မောက်မြို့နယ် သာယာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် သာယာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး




MNP  ၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်တန်းကျေးရွာအုပ်စု သာယာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့နံနက် ၈:၀၀ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လအလိုက်ဖြည့်သွင်းရမည့် စာရင်းဇယားများပြည့်စုံမှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ သတ်မှတ်ကာလအတွင်း အတိုးအရင်းငွေများအားပေးသွင်းကြရန်နှင့် အတိုးရရှိငွေများဖြင့် ဆောင်ရွက်ခွင့်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ချပြဆွေးနွေးသည်။နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာယာအေးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ ဦးကို ငွေကျပ် ၁၇.၈ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ  ၅၂ ဦးကို ငွေကျပ် ၂၀.၈ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦးကို ငွေကျပ် ၁.၆ သန်း၊ စုစုပေါင်းအိမ်ထောင်စု(၁၁၀)စုအတွက် ငွေကျပ် ၄၀.၂ သန်း ထုတ်ချေးထားပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)