MNP ၊ ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု ( ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေ ပေးဆပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ပြည်ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်က အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မဏိကမ္ဘာကုမ္ပဏီတာဝန်ခံ ဦးအောင်ချမ်းမြေ့က သွင်းအားစု ( ဓာတ်မြေသြဇာ)များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု ( ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေ ပေးဆပ်သည့်ရပ်ကွက် / ကျေးရွာအုပ်စု များအား ဆုချီးမြှင့်ပွဲတွင် ( ပထမ၊ဒုတိယ၊တတိယ) ရရှိသော ကျေးရွာအုပ်စု များအား ခရိုင် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဦးသိန်း အောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များက ဆုချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ၊ မဏိကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment