ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်း အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်းအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်း အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်းအသိပညာပေးဟောပြောပွဲကျင်းပ

  




MNP ၊  ဖေဖော်ဝါရီ- ၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်းအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်မြို့ စက်မှုအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းဇော်ဦးက စက်မှုဘာသာရပ်အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ကျောင်းသူ လေးများကသိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)