ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က မိုင်းတုံမြို့နယ်အတွင်းရှိ လားဟူတိုင်းရင်းသားများက ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများအား လက်ဆေးမင်္ဂလာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လားဟူရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများကို ရိုးရာအကများဖြင့် အလှည့်ကျ ကပြဖျော်ဖြေပေးပြီးနောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများကို တစ်ဖွဲ့ခြင်း လက်ဆေးမင်္ဂလာပြုလုပ်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ဝန်ထမ်းအကြီးအကဲအားလုံးကိုယ်စား ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။
ဤသို့ ပြုလုပ်ပေးခြင်းသည် နှစ်ဟောင်းမှ မကောင်းသည့်အညစ်အကြေး မှန်သမျှအားလုံး နှစ်သစ်မှာပါမလာအောင် ဆေးကြောသန့်ပေးခြင်းဖြင့် နှစ်သစ်မှာကောင်းသောအရာများ ရနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်လမ်းများကောင်း မွန်ခြင်းနှစ်ကြုံတွေ့ရသလို စီးပွားရေးလုပ်ငန်းခွင်မှာလည်း ဒီရေအလား တိုးတက်အောင်မြင်နိုင်ခြင်း၊ လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးလမ်း အစဉ်အလာပင်ဖြစ်ကြောင်း၊ လားဟူယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစောမူးလာထံမှ သိရသည်။
ဝင်းဝင်းခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment