ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်



MNP ၊ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ညောင်လူးကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်လူးကျေးရွာသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးခြင်း၊ မီးချတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကားနှင့် မီးသတ်ဆေးဗူးများကို နေအိမ်တိုင်းတွင် ထားရှိစေရေး၊ မီးဖိုများကို နေအိမ်အတွင်း၊ နေအိမ်အပေါ်၊ နေအိမ်အောက်များတွင် ချက်ပြုတ်သုံးစွဲခြင်း မပြုကြရန်နှင့် မီးဖိုများကို နေအိမ်တံစက်မြိတ်အပြင်တွင် ၂ပေ၊ အနက် ၃ပေကျယ် မြေကျင်းတူး၊ သံပြားကာ ချက်ပြုတ်သုံးစွဲကြရန်နှင့် မီးသုံးစွဲချိန်ကို နံနက် ၅ နာရီမှ ၁၀နာရီထိနှင့် ညနေ ၄နာရီမှ ည ၈နာရီထိသာ ချက်ပြုတ်သုံးစွဲကြရန်နှင့် ကျေးရွာအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ်မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့်နေအိမ်များနှင့် အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများစနစ်တကျ သုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများကို လှည့်လည်အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းသန်းနွယ်(ပုဗ္ဗ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)