MNP ၊ ဖေဖော်ဝါရီ-၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃- ၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် ၄လက်မခွဲ တွင်းနက်စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ပိုင်းက နွားမယံကျေးရွာအုပ်စု ၊ လေးကျွန်းဆီးမီးကျေးရွာတွင် ကျင်းပ ခဲ့သည်။
အခမ်းအနား တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြးခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများ၏ကိုယ်စား ပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ( ၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃- ၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် ၄လက်မခွဲ တွင်းနက်စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနား သို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးအကဲများ၊ရပ်မိရပ်ဖများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ၊ ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ( ၇၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment