MNP ၊ ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊က ယမန်နေ့ နံနက် ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် "ဇွဲပြည့်ဇော်" ကုမ္ပဏီမှ ရွှေတောင်မြို့နယ် ၊ သရက်သုံးပင်ကျေးရွာအုပ်စု၊သရက်သုံးပင်ကျေးရွာ အမက( လက်ပံပု) ကျောင်း၊ကျောင်းဆောင်သစ် ( ၆၀x၃၀) Steel Structure (၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်၊ "အောင်ဟိန်းဇော်" ကုမ္ပဏီမှ အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိ သည့် ရွာသာယာ- နွားခြံကုန်း-မြို့မလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများ၊ "ဇွဲပြည့်ဇော်" ကုမ္ပဏီမှ ရွှေတောင်မြို့နယ် ၊သာစီကုန်းကျေးရွာအုပ်စု၊ ဖုန်းဆိုးကျေးရွာ အမက( ဖုန်းဆိုး) ကျောင်းဆောင်သစ် ( ၆၀x၃၀) Steel Structure ( ၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးမှု အခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment