ရွှေတောင်မြို့နယ်တွင် မြန်မာ့သိုင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မြန်မာ့သိုင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 



MNP ၊ ဖေဖော်ဝါရီ -၂၉

        ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်း ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော  မြန်မာ့သိုင်း သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။

     အခမ်းအနားတွင် ပြည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က  သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား / သင်တန်းသူများက မြန်မာ့သိုင်း     ( ရှမ်းအိုးစည်) သရုပ်ပြ ၊မြန်မာ့သိုင်း         ( အလှပြ) သရုပ်ပြ ၊မြန်မာ့သိုင်း ( အတိုက်) သရုပ်ပြ ၊ ၊မြန်မာ့သိုင်း ( ဟန်ရေးပြ(၆၃)မောင်း) သရုပ်ပြ တို့ဖြင့် သရုပ်ပြသခဲ့ကြပြီး သင်တန်းနည်းပြဆရာများနှင့် ဆုရသင်တန်းသား / သင်တန်းသူများကို ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

     အဆိုပါ သင်တန်းကို ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်းနှင့် အထက(ခွဲ)ကံသုံးဆင့်ကျောင်းတို့၌ ဖေဖော်ဝါရီလ (၁၃ ) ရက်နေ့မှ (၂၇)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား / သင်တန်းသူ ( ၇၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)