ရွှေတောင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်လူနေအိမ် ( ၃) လုံးအား ထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်လူနေအိမ် ( ၃) လုံးအား ထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ်

 




MNP ၊ ဖေဖော်ဝါရီ -၂၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် ( ၃) လုံးအား  ယမန်နေ့ နေ့လယ်ပိုင်းက ထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ်ခဲ့သည်။

     အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် (၃) လုံး ၊ အိမ်ထောင်စု ( ၃)စုအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ခရိုင်ဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ ရှားပင်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့ဖြင့် ပြည်ခရိုင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော တစ်အိမ်လျှင် ပစ္စည်း ( ၁၇) မျိုးပါပုံး( ၁)  ပုံးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး  ( ၁၀၀၀၀၀ိ/-)ကျပ်နှုန်း၊လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ( ၂၀၀၁၀၀ိ/-) နှုန်းဖြင့်( ၁၂) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ  (၂၅၂၀၀ိ/-)ကျပ်အားထောက်ပံပေးအပ်ခဲ့ပြီး  မြို့နယ်ကြက်ခြေနီအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် Hygiene Kit တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ( ၁၉) မျိုးပါ ( ၁)  ပုံး၊တာပေါ်လင်စ ( ၁)  စ၊ စောင် (၂)  ထည်တို့အား မီးဘေးသင့်အိမ်ထောင်စု ( ၃) စုရှိ ပြည်သူများ ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)