ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP ၊ဖေဖော်ဝါရီ ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်မြို့နယ်အဆင့်  အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရာဇာစိုး၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းမြို့နယ်မီးသတ်ဦးစီးမှုး ဦးမင်းအောင်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးရာဇာစိုးက အမှာစကား ပြောကြားရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဥ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ မတ်လ(၂၆)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး စုစုပေါင်းသင်တန်းသား (၅၀)ဦးအားကြံ့ခိုင်ရေးလေ့ကျင့်ခန်း၊ ကြိုးချည်နည်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ မျောက်ကူးနည်းစနစ်၊ ပက်လက်ကူးနည်းစနစ်၊ ရှဥ့်ကူးနည်းစနစ်၊ နှစ်ယောက်တွဲကြိုးဆင်းခြင်း၊ ဇောက်ထိုးဆင်းခြင်း၊ ခုန်ဆင်းနည်းစနစ်များ၊ သင်ကြားပို့ချသွားမည်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)