မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး မကွေးမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသ ဆောင်ရွက်မှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး မကွေးမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသ ဆောင်ရွက်မှုအား ကြည့်ရှုအားပေး





MNP ၊ ဖေ ဖော်ဝါရီ ၆

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများ ရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ(၃)ရက်နေ့နှင့် (၄)ရက်နေ့တို့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ဒုတိယအကြိမ်အဖြစ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသကုသမှုခံယူကြသော လူနာများအားကြည့်ရှုအားပေးပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြာကာ ဒေသထွက်လက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ(၁၆၂)ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလူနာ(၁၃၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ (၁၃၇)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ(၁၈)ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ(၅၆၈)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ(၆၁)ဦး၊ အသည်းရောဂါဆိုင်ရာလူနာ(၂၉)ဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါဆိုင်ရာလူနာ(၂၀၀)ဦး၊ ကလေးကင်ဆာ ရောဂါဆိုင်ရာလူနာ(၈)ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောလူနာ(၅၉)ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ(၂၃၆)ဦး၊ စုစုပေါင်းဒေသခံပြည်သူ(၁,၆၁၀)ဦးကို ကြည့်ရှုကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ပြသသော လူနာများတွင် မကွေးမြို့သာမက မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၁၉)မြို့နယ်တို့မှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း(Echocardiography)(၅၁)ဦး၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း(OGD Scope)(၁၃)ဦး၊  အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း(Colonoscope)(၁)ဦး၊ ကွန်ပျူတာဓာတ်မှန်(CT Scan)ရိုက်ကူးခြင်း(၃၅)ဦး၊ သံလိုက်ဓာတ်မှန်(MRI)ရိုက်ကူးခြင်း(၅)ဦး၊ သွေးချိုဓာတ်(HbA1C)တိုင်းတာခြင်း(၁၆၂)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း(၃၁၃)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း(၁,၁၃၃)ဦး၊ Ultrasound ရိုက်ကူးခြင်း (၁၂၈)ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) (၃၉၁)ဦး၊ အဆုတ်အမြှေးပါးအတွင်းမှ အရည်များထုတ်၍ ဓာတ်ခွဲစမ်းသပ်ခြင်း(၂)ဦးတို့အား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ(၂၅)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ(၁)ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ(၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ(၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ(၆)ဦး၊ ရင်ခေါင်းဆေးကုသမှု ဆိုင်ရာလူနာ(၃)ဦးတို့အား လိုအပ်သောစစ်ဆေးကုသမှုများဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့်နေပြည်တော်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)