MNP ၊ ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့မ (၁) ရပ်ကွက်၌ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မ (၁) ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်း လျှပ်စစ်မီး၊ မီးဖိုသုံးစွဲဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အရန်သင့်ထားရှိစေရေးနှင့် မီးသတိ၊ မီးအသိရှိစွာဖြင့် စနစ်တကျ သုံးစွဲဆောင်ရွက်သွားရန်နှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဆွေးနွေးကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီး ကျန်ရှိသော မြို့ပေါ်ရပ်ကွက်များအတွင်း အလှည့်ကျ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment