ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေ







MNP ၊ ဖေဖော်ဝါရီ ၂၀

တောင်ကြီးမြို့၊ အေးသာယာနှင့် ရွှညောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင်များကို တပ်မတော်သားများက ပြည်သူများအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများမှ နေ့စဉ်နေ့တိုင်း အများပြည်သူ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်ပြီး လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိခြင်းကြောင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီအစိုးရလက်ထပ်မှာမှ ဆောင်ရွက်သွားမှာမဟုတ်ဘူး။ နောင်ဆက်လာမယ့် ဒီမိုကရေစီအစိုးရ လက်ထပ်တွေမှာလဲ ဆက်လက် ဆောင်ရွက်သွားမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီနေရာမှာ ထပ်ပြီး ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာ အဆင့်တွေဖွဲ့စည်းသွားမှာ ဖြစ်တယ်။ စနစ်တကျ ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒီလိုခေါ်ယူတဲ့ နေရာမှာလဲ ပညာသင်ကြားနေတဲ့ ကျောင်းသူ/ ကျောင်းသားများအနေနဲ့ အသက်အရွယ် အကြုံးဝင်သည့်တိုင်အောင် နိုင်ငံခြား ထွက်နေတဲ့ ပညာသင်ကြားနေတဲ့ သူတွေကလဲ ပညာဆုံးခန်းတိုင်အောင် ပညာ ဆက်လက်ပညာသင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။ သို့သော် ရေရှည် Long Term Plan မှာတော့ အကြုံဝင်တဲ့ သူတွေအားလုံးသည် နိုင်ငံတော်ကာကွယ်ရေး ပညာကို တက်မြောက်ပြီး ဖြစ်ရမယ်ဆိုတာကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီတစ်နှစ် နှစ်နှစ် သုံးလေးနှစ်ရည်မှန်းထားတာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်း များစွာထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အသိ၊ အတတ် ပြည့်ဝနေတဲ့သူတွေ ဖြစ်တယ် ဆိုတာမျိုးဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်တယ်" ဟု ရှင်းလင်း ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)