NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်း က ဖာမ ကို အတုယူကြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်း က ဖာမ ကို အတုယူကြ



ပြည်ပြေး ဝရမ်းပြေးတွေ၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ တော်လှန်ရေးကို ဝန်းရံပေးခဲ့ကြသူတွေကပဲ NUG အကြမ်းဖက်အဖွဲ့ကို အမည်နာမတစ်မျိုးနဲ့ ကင်ပွန်းတပ်ပေးခဲ့ကြပါတယ်။ (NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်း)တဲ့။

အခု လက်တလော NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်းရဲ့ သရုပ်မှန်ကို ဖော်ပြလိုက်သူကတော့ ဝရမ်းပြေး ပန်ဆယ်လို (ခ) အပျံမ ရဲ့ ငွေကြေးလိမ်လည်မှုကြီးပဲ ဖြစ်ပါတယ်။ အပျံမ ဟာ ပြည်တွင်းက PDF အကြမ်းဖက်သမားတွေအတွက် အလှူငွေကောက်ခံပေးနေရင်းက ဒေါ်လာ သန်းချီတန်တဲ့ နေအိမ်ဝယ်ယူပိုင်ဆိုင်လိုက်တယ်ဆိုတဲ့ အချိန်မှာ အပျံမရဲ့ ဝင်ငွေနဲ့ ဒီလိုမျိုး ဝယ်နိုင်တဲ့အခြေအနေရှိပါ့မလား။ အမေရိကန်၊ သြစတေးလျတို့မှာ နေအိမ်ဝယ်ယူတဲ့ ပုံစံနဲ့ တွက်ချက်ပြတာမျိုးတွေလည်း လုပ်ခဲ့ကြပါတယ်။ အပျံမရဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်လို့ အတူတူ ပြည်ပထွက်ပြေးခဲ့ကြတဲ့ သက္ကမိုးညိုလို လူကလည်း ထောက်ပြလာသလို၊ ဒေါက်တာကျော်နိုင်ဆိုသူကလည်း အချက်အလက်နဲ့တကွ တွက်ချက်ပြဆိုခဲ့ပါတယ်။

အပျံမ ကတော့ သူ့ရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ထောက်ပြ ပြောဆိုလာသူတွေကို အဖေအရွယ်၊ အမေအရွယ်လည်း အထာမထားပါဘူး။ ဖေတော့ မောင်တော့ ဆဲနည်းမျိုးစုံစွာနဲ့ တုန့်ပြန်ပါတယ်။

အပျံမဟာ NUG အကြမ်းဖက်အဖွဲ့အတွက် အလုပ် လုပ်ပေးနေသူဖြစ်တယ်။ အပျံမနဲ့ ပွဲဖြစ်ခဲ့ကြသူတွေ မနည်းတော့ပါဘူး။ အမေရိကန်ရောက် ခင်မိုး၊ စင်ကာပူ ကြက်ကြီးလို့ တင်စားခံရတဲ့ အိုင်းရင်း တို့နဲ့လည်း ပွဲဖြစ်ခဲ့သလို ပြည်တွင်းက အကြမ်းဖက်သမား နဂါးနဲ့ အပျံမလည်း ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲဒီလို ပြဿနာတွေ ပေါ်ပေါက်လာတိုင်း NUG အကြမ်းဖက်အဖွဲ့က ဝံချီးဆိုသူတွေ ဘာတစ်ခွန်းမှ မဟရဲဘူး။ အပျံမက အဖေအရွယ်၊ အမေအရွယ်တွေကို ရိုင်းစိုင်းစွာ ပြောဆိုနေလို့လည်း သတိပေးတားမြစ်တာမျိုး မကြားရဘူး။ NUG အကြမ်းဖက်အဖွဲ့က ကိုယ့်ကိုယ်ကို ဝန်ချီးလို့ သတ်မှတ်ထားသူတွေမှာ အပျံမထံက လက်ဝေခံပြီး စားနေရလေသလား။

အမေရိကန်ကို ထွက်ပြေးရောက်ရှိသွားတဲ့ အပျံမ အနေနဲ့ အမေရိကန်ကို ရောက်ရှိပြီးချိန်ကစလို့ ယနေ့တိုင်အောင် အလှူမခံတဲ့ရက်ဆိုတာ မရှိဘူး။ ခေါင်းစဉ်လည်း မထပ်စေရဘူး။ လက်တလော အပျံမ အလှူခံနေတဲ့ ခေါင်းစဉ်ကတော့ (စာနာဖေးကူ တဲအိမ်အလှူ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အလှူခံနေတာ ဖြစ်ပါတယ်။ အပျံမရဲ့ အလှူခံပို့စ်တွေမှာ ရေးသားထားကတော့ အညာဒေသက မီးရှို့ခံကျေးရွာများမှ တဲအိမ်များ ဆောက်လုပ်ပေးဖို့လို့ ဆိုပါတယ်။ တစ်ပတ်အတွင်းမှာ သိန်းပေါင်း (၁၇၀၀)ကျော် ရတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အပျံမ အလှူခံနိုင်ဖို့ ခေါင်းစဉ်ရအောင် ဘယ်သူတွေက လုပ်ဆောင်ပေးရသလဲဆိုရင် ပြည်တွင်းမှာ ရှိတဲ့ PDF အမည်ခံ ပဒက်တွေက လုပ်ပေးရတယ်။ ပဒက်တွေဟာ အညာဒေသမှာ ကျေးရွာများအတွင်းကနေ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းတဲ့အခါ နေအိမ်တွေကို မီးရှို့ထွက်ပြေးတယ်။ အဲဒီလိုနဲ့ အညာဒေသက ရွာတွေ ပျက်စီးခဲ့ရတာ မနည်းပါဘူး။ PDF အမည်ခံ ပဒက်တွေဟာ ဘယ်လောက်အထိ ဆိုးရွားခဲ့သလဲဆိုရင် ကိုယ့်အဖိုးအဖွား ကို အိမ်ထဲမှာရှိနေတာကိုတောင် မီးရှို့ပြီး ထွက်ပြေးသည်အထိ လုပ်ဆောင်ခဲ့လို့ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်များက ကယ်ထုတ်ပေးခဲ့ရပါတယ်။

PDF အမည်ခံ ပဒက်တွေမှာ လူ့အသိမရှိတော့ဘူး။ ခွေးထက်ပင် ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြပါတယ်။ ပဒက်တွေက အဲဒီလို လုပ်ပေးတဲ့အခါကြတော့ အမေရိကန်မှာ ခိုလှုံပြီး အလှူငွေရှာတဲ့ အပျံမအတွက်အလှူခံဖို့ ခေါင်းစဉ်ရသွားပြီ။ အချို့သော ငွေကြေး ကြွယ်ဝချမ်းသာတဲ့ ထမိန်ခြုံတွေမှာ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ မှိုင်းဝနေကြတာဆိုတော့ ဆင်ခြင်တုံတရား မရှိဘူး။ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ဒုက္ခပေးနေတဲ့ ပြည်ဖျက်မိစ္ဆာတွေကို ကူညီပံ့ပိုးပေးတယ်။ ပဒက်တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်နေတာကို တွေ့ရမြင်ရရင် သူတို့တွေ ဝမ်းမြောက်နေကြတယ်။ ဒီလိုလူတွေ ရှိနေခြင်းကြောင့်ပဲ ပန်ဆယ်လိုမှာ ဘယ်လိုခေါင်းစဉ်တပ်ပြီးတော့ပဲ အလှူခံသည်ဖြစ်စေ ငွေက ရနေတယ်။ 

ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှူခံခဲ့တဲ့ အပျံမရဲ့ အလှူငွေကောက်ခံမှုတွေမှာ ငှက်ကင်ကိစ္စဟာ အလှူငွေ အမြောက်အများရခဲ့တဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ရေးသားဖော်ပြမှုတွေမှာ ဒေါ်လာ ၂.၂သန်းကျော် ရတယ်လို့ ဆိုပါတယ်။

စာရေးသူက ပန်ဆယ်လို ကို အပျံမလို့ သုံးနှုန်းပြီး ရေးသားတာပါ။ ပြည်ပြေး ဝရမ်းပြေးတွေ ကတော့ ပန်ဆယ်လို ကို ဖာမ လို့ သုံးနှုန်းရေးသားကြတာကို တွေ့ရပါတယ်။ ငှက်ကင် အတွက် ရထားတဲ့ အလှူငွေတွေနဲ့ ပတ်သက်လို့ ဖာမ အနေနဲ့ ဘယ်လိုသုံးစွဲလိုက်တယ်ဆိုတဲ့ စာရင်းရှင်းတမ်း ထွက်မလာသေးတဲ့အပေါ်မှာ စိတ်ဝင်စားမှု မြင့်တက်နေကြပါတယ်။ ဖာမ ရှင်းပြမှ သူတို့တွေ သိရမယ့်ကိစ္စ၊ ဖာမ က မရှင်းပြတော့ သူတို့ ဘယ်လိုမှ သိစရာ အကြောင်းမရှိပါဘူး။ ဖာမ ရဲ့ အစွမ်းက NUG အကြမ်းဖက်အဖွဲ့က ဝံချီးတွေတောင် တစ်ခွန်းတစ်ပါဒမှ မပြောရဲလောက်အောင်အထိကို ဝံချီးတွေကို နင်းထားနိုင်တယ်။ ဝံချီးဆိုသူတွေ နှုတ်ပိတ်နေတာကို ထောက်ထားကြည့်ရင် ဖာမ ရဲ့ ဖေတစ်ရာ မောင်တစ်ကျိတ်နဲ့ အဆဲခံရမှာကို သိလို့ နှုတ်ဆိတ်နေရတဲ့ သဘောဖြစ်ပါလိမ့်မယ်။

ဖာမရဲ့ ငွေကြေးလိမ်လည်မှုကို တရားစွဲဆိုမယ့် ပြည်ပြေး ဝရမ်းပြေးအဖွဲ့က တစ်ဖွဲ့၊ ဖာမ နဲ့ တသာတည်း ရပ်တည်ပါတယ်ဆိုတဲ့ မောင်မောင်အေး (ကတုံး)၊ ထားထက်ထက်တို့လို ဖာမရဲ့ သြဇာခံတွေကလည်း ဖာမ ထိရင် မခံဘူးဆိုတဲ့ ရေးသားဖော်ပြမှုတွေ တွေ့နေရပါတယ်။

မည်သို့ပင် ဆိုစေကာမူ ပဒက်တွေ မိုက်လုံးထွားနေလေ ဖာမအတွက် အလှူခံဖို့ ခေါင်းစဉ်ရလေပဲ မဟုတ်လား။ ပဒက်တွေက ရွာတွေကို မီးရှို့ပြီး ဖျက်ဆီး၊ ဖာမ ရဲ့ အာဘော်ကတော့ စကစ ရဲ့ တပ်တွေက မီးရှို့ဖျက်ဆီးသွားပါတယ်လို့ ခေါင်းစဉ်တပ်လိုက်ရုံနဲ့ အလုပ်ဖြစ်နေပြီ။ ဖာမ ရဲ့ အလှူခံပိုစ်တွေ့ကို ကြည့်ရင် သူမအတွက် အသုံးမတည့်တော့တဲ့ ပဒက်မသာတွေအတွက် အလှူခံတာ ရှားတယ်နော်။ သူတို့အတွက် သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ရင်းက သေဆုံးသွားတဲ့ ပဒက်တွေအတွက်၊ ပဒက်တွေရဲ့ မိသားစုဝင်တွေအတွက် ကူညီထောက်ပံ့ပေးဖို့ အလှူခံပါဆိုတာမျိုး မရှိဘူး။ ပဒက်တွေ သေသွားရင် ပဒက်အကြမ်းဖက်သမားစာရင်းမှာ အကြုံးမဝင်တော့ဘူး။ သူတို့ လုပ်ကွက်ချဖို့ အကျိုးမပြုနိုင်တော့ဘူးလေ။ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ပဒက်တွေကို ဗန်းပြပြီးတော့ပဲ အလှူခံတယ်။

NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်းထဲမှာ ငွေကြေးအကျိုးအမြတ် အများဆုံးရတာ ဘယ်သူဖြစ်မလဲ။ ဝံချီးဆိုသူတွေကတော့ အမေရိကန်အစိုးရရဲ့ အကူအညီ၊ အိုအိုင်စီရဲ့ အကူအညီတွေနဲ့ သာယာနေလိမ့်မယ်။ အလှူငွေ ကောက်ခံသူတွေထဲမှာတော ဖာမ ရဲ့ အလှူခံနိုင်စွမ်းကို တခြားသူတွေ မမီဘူး။ ဖာမ အစွမ်းနိုင်ဆုံးပေါ့။ ဖာမ အလှူငွေ ကောက်ခံရရှိနိုင်ဖို့ ပဒက်တွေကလည်း အသက်ပေးပြီး လုပ်ကွက်ဖော်တယ်။ အကြမ်းဖက်လှုပ်ရှားမှုကို ရတဲ့နည်းနဲ့ လုပ်ငန်းဖော်ဆောင်ပေးတယ်။

ဖာမ ဟာ NUG ကို မလိုလားတဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ခိုင်းတယ်။ သတ်ပေးတဲ့ လူရမ်းကား (ပဒက်အကြမ်းဖက်သမားတွေ)ကို ငွေကြေး ပံ့ပိုးကူညီပေးလိုက်တယ်။ အဲဒီလို အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း သေသွားတဲ့ ပဒက်တွေကိုတော့ စာရင်းထဲက ဖျောက်ပစ်လိုက်တယ်။ ဖာမ ဒေါ်လာသန်းချီတန်တဲ့ အိမ်တွေ ဝယ်နိုင်ဖို့ မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေ စတေးပေးရတယ်။ တကယ်ဆို ဖာမ ဒေါ်လာသန်းချီတန်တဲ့ အိမ်ပေါ်မှာ တက်နေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတွေရဲ့ အသက်ကို စတေးပြီး မြန်မာနိုင်ငံသား လူ့ငနွားတွေကို အသုံးချပြီး စီးပွားရှာနိုင်ခြင်းပဲ ဖြစ်ပါတယ်။

တော်လှန်ရေးလို့ လက်ခမောင်း ခတ်နေကြတဲ့ ပဒက်တွေ ဖာမ ကို အတုယူကြပါ။ ယမ်းငွေ့ မသမ်းတဲ့ နေရာမှာ နေပြီး ငွေရအောင် ကြိုးစားကြရမှာ။ ဖာမ ရဲ့ အသုံးချခံအဖြစ်နဲ့ အသက်တွေ စတေးရမှာ မဟုတ်ဘူးဆိုတာလောက်ကို သိထားရင် NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်းဝင်များအဖြစ် ပိုမိုပီပြင် ရုပ်လုံးကြွလာမှာ ဖြစ်ပါကြောင်း 


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)