MNP ၊ ဖေဖော်ဝါရီ-၁၀
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ် စုပေါင်းသန့်ရှင်းရေးကို စဥ်ဆက်မပြတ်ဆောင်လျက်ရွက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ ကျောင်းကုန်းလမ်းဆုံထိပ်မှ ရဟန္တာ (၈၀) ဘုရားရှေ့အထိ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ( သရက်တော ၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၁၉၆) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး အမှိုက်များ၊ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment