ပြည်သူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များကို ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်၍ Charging Station များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များကို ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်၍ Charging Station များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက်



MNP ၊ ဖေဖော်ဝါရီ ၁

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးနှင့် စည်ပင် ဧည့်ရိပ်သာရှေ့ရှိ EV Charging Station များကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီမှ တင်သွင်းခွင့်ပြုခဲ့သည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးအတွက် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနိုင်သည့်စနစ်များ ပြည့်စုံ အောင်တပ်ဆင်ထားရှိရန်၊ Charging Station ရှိ တာဝန်ရှိသူများအနေဖြင့် သုံးစွဲသူပြည်သူများ ၏ အကြံပြုချက်များအတိုင်း ပြုပြင်ပြောင်းလဲ တပ်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်သုံးယာဉ်များသို့ လျှပ်စစ်ဓာတ်အားများ ဖြည့်သွင်းနေစဉ် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေး အစီအမံများရေးဆွဲထားရန်၊ ပြည်သူများအနေဖြင့် လျှပ်စစ်သုံး ယာဉ်များကို ပိုမိုအသုံးပြုလာနိုင် မည်ဖြစ်၍ Charging Station များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစား ဆောင်ရွက်ထား ရန်၊ Charging Station များ တည်ထောင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီများအနေဖြင့် ကိုယ်ပိုင် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံနေသည့် အခက်အခဲများရှိပါက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ ငါးခုတို့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်၊ Charging Station များတွင် မီးငြှိမ်းသတ်ရေး အထောက်အကူ ပြုပစ္စည်းများ ပြည့်စုံစွာထားရှိရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး ဇာတ်တိုက် လေ့ကျင့်ထားကြရန်မှာကြားပြီး EV Charging Station များ တည်ဆောက်ထားရှိမှု၊ လျှပ်စစ် သုံးယာဉ်များကို လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေမှု အခြေအနေတို့ကိုလှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)