နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ ဖေဖော်ဝါရီ ၁

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး က ယခုသင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် ဥပဒေပညာလေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိရေးအတွက် ဆောင်ရွက်သင့် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စီးပွားရေးရာကော်မတီ အစည်းအဝေး (၃/၂၀၂၂) ၌ လမ်းညွှန်မှုအရ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။


ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေရေးရာ ကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများလက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊ အထွေထွေ ဥပဒေအကြံပေးရေးဆိုင်ရာ ကိစ္စများကို ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံများစွာ ရှိသူများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှင့်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်သည့် သင်တန်းသားများကိုလည်း ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်း လက်မှတ် (Certificate of Legal Advocacy-CLA) များ ပေးအပ်ချီးမြှင့် မည်ဖြစ်ပါကြောင်း။


သင်တန်းသားများအနေဖြင့် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်စေရန်အတွက် လေ့လာ မှတ်သားသင်ယူပြီး မိမိတို့၏ဝန်ကြီး ဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။


သင်တန်းဖွင့်ပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘိုဘိုကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ သင်တန်းသား သင်တန်းသူများ၊ ဥပဒေရေးရာဝန်ကြီး ဌာနမှ ဌာနအကြီးအကဲများနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)