ဂွမြို့နယ်ရှိ Grade-5နှင့် Grade-9စာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်ရှိ Grade-5နှင့် Grade-9စာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆို

  




MNP  ၊      ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄  ပညာသင် နှစ်ရှိ  (Grade-5) နှင့်(Grade-9) ကျောင်းသား၊ကျောင်းသူများသည် ယနေ့ နံနက် ၉ နာရီ မှစတင်ကာ သက်ဆိုင်ရာ ကျောင်းများအလိုက် ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့် စာမေးပွဲကို စစ်ဆေးလျက်ရှိရာကျောင်းသား၊ ကျောင်းသူ များက တည်ငြိမ် အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ စာစစ်ဌာနကြီးကြပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ 

ဂွမြို့နယ်အတွင်းတွင်ဖေဖေါ်ဝါရီ ၂၂ ရက်နေ့၌ မြန်မာစာဘာသာရပ်ကို Grade-5 စာစစ်ဌာန(၇၆)ခုတွင်  ဖြေဆိုသူ ၉၂.၃၄%နှင့် ပျက်ကွက်သူ ၇.၆၆% ရှိပြီး Grade -9 စာစစ်ဌာန(၃၄)ခုတွင် ဖြေဆိုသူ၉၅.၆၆%နှင့် ပျက်ကွက်သူ ၄.၃၄% ရှိကြောင်းသိရသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများထဲတွင် အခြားအရပ်ဒေသမှ စာမေးပွဲလာရောက်ဖြေဆိုသူများမှာ Grade-5တွင်(၃)ဦးနှင့် Grade-9တွင်(၅)ဦး ရှိကြောင်း   သိရသည်။  


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)