MNP ၊ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဖေဖော်ဝါရီလ ( ၂၃ ) ရက်နေ့အထိနွေစပါးစိုက်ဧက (၂၀၆၄၆ )စိုက်ပျိုး ပြီးစီးကြာင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း ဆန် ဖူလုံ ပိုလျှံစေရေးအတွက် နွေစပါး စိုက်ပျိုးခြင်းဖြစ်ပြီးဆည်ရေ၊သဘာဝဝင်ရေ၊ချောင်းပိတ်၊မြောင်းပိတ်၍ ရေစုပ်စက်စနစ်တို့ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပေါင်မြို့နယ်သည်နွေစပါး စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိတာကြောင့် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီမှာ တောင်သူအများစုက နွေစပါးကို အားထား စိုက်ပျိုးကြသည်။ ဒေသခံ တောင်သူ တွေကိုလည်း နွေစပါး စိုက်ပျိုးရာမှာ အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊သဘာဝေမြေသြဇာနှင့်ဓါတ်မြေသြဇာစနစ်တကျသုံးစွဲရေးအတွက် နယ်မြေအလိုက် တာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နွေစပါး မျိုးတွေကတော့ ရွှေသွယ်ရင်၊ ရတနာတိုး၊ဧရာမင်း၊ရက်(၉၀)၊ ထိုင်းနှံကောက်၊ ပခမ်းရွှေဝါ စတဲ့ စပါးမျိုးများကို စိုက်ပျိုးကြောင်း သိရသည်။ ဒေသခံ တောင်သူများ နွေစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ကတိုက် ဆည်မှ ဆည်ရေများကိုဇန်နဝါရီလ ၁ ရက်နေ့မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူ ထံမှ သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment