NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံသတင်းများ ဖြန့်ဝေရာ facebook စာမျက်နှာတစ်ခုမှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း လုပ်ကြံဖန်တီး၍ ဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံသတင်းများ ဖြန့်ဝေရာ facebook စာမျက်နှာတစ်ခုမှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း လုပ်ကြံဖန်တီး၍ ဖော်ပြ



MNP ၊ ဖေဖော်ဝါရီ ၂၃

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ စုပေါင်းထားသည့် NUG အကြမ်းဖက်အဖွဲ့၏ ဝါဒဖြန့် Facebook စာမျက်နှာတစ်ခုမှ "စစ်ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦးသေပြီး မိုင်းထိသောမာစီးဒီးကားကိုထားခဲ့" ကြောင်း ရေးသားဖော်ပြမှုမှာ မှန်ကန်ခြင်းမရှိဘဲ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့် ၏ လမ်းကြောင်းတွင် မိုင်းကွဲမှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

ပြည်ဖျက်မီဒီယာများ၏ ရေးသားဖြန့်ဝေမှုတွင် "အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းပါရှိကြောင်းသတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေး" ကြောင်း ခန့်မှန်းရေးသားဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့် ၏ လမ်းကြောင်းဖြစ်ပြီး မိုင်းကွဲခဲ့သည်မှာ မှန်ကန်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်သည် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်/ဆက်ရုံးများကို လှည့်လည်စစ်ဆေးနေသူတစ်ဦး ဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)