ကသာ ၊ ဖေဖော်ဝါရီ ၂၆
ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် KIA/PDF အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ Drop Bomb ချ တိုက်ခိုက်မှုကြောင့် ပေါမမြိုင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဆရာတော် ဥူးစန္ဒာဝရ သက်တော် (၇၁)နှစ်ရှိ သံဃာတော် ၁ ပါး ဝဲဘက်ဦးခေါင်း ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရပါသည်။
ထီးချိုင့်မြို့နယ်၊ ရွှေဟင်းတံကျောင်းတိုက်မှ လာရောက်သီတင်းသုံးနေသည့် ဆရာတော်ကြီးဖြစ်ပြီး စင်္ကြန်လျောက်နေစဉ် အကြမ်းဖက်သမားများ ပစ်ချသည့် Drop Bomb ကျရောက်ပေါက်ကွဲ ထိခိုက်ဒဏ်ရာရပြီး ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
#News

No comments:
Post a Comment