KNU/PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့တွင်း ဝင်ရောက်၍ ၉ကြိမ်မြောက် မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU/PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့တွင်း ဝင်ရောက်၍ ၉ကြိမ်မြောက် မီးရှို့ဖျက်ဆီး





MNP ၊ ဖေဖော်ဝါရီ ၂

ကော့ကရိတ်မြို့၊ ရပ်ကွက် ၅ ၊ ဦးထူးလမ်းအနီးရှိ လူနေအိမ် ၅ လုံးအား ယနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က KNU/PDF အကြမ်းဖက်သမားများက ထပ်မံ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဒေသခံ မီးသတ်ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် မီးငြိမ်းသတ်ရန်ကြိုးပမ်းခဲ့သော်လည်း အကြမ်းဖက် KNU/PDF များမှ Drop Bomb ချတိုက်ခိုက်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့မှုကြောင့် မီးမငြိမ်းသတ်နိုင်ဘဲ နေအိမ်အားလုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် KNU/PDF များ၏ ကော့ကရိတ်မြို့အား မီးရှို့ဖျက်ဆီးမှုမှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၉ ကြိမ်ရှိပြီဖြစ်သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)