MNP ၊ ဖေဖော်ဝါရီ ၂၀
PDF အကြမ်းဖက်အဖွဲ့၏ လွတ်မြောက်နယ်မြေအဖြစ်ရှိနေသည့် အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့အတွင်း မဝင်မနေရ စည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံက "အခု နိုင်ငံတော်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွက ပြည်သူ့စစ်ထဲတော့ မဝင်ရဘူး။ သူတို့ ပဒက်ထဲပဲ ဝင်ရမယ်ဆိုပြီး မဝင်မနေရ လူငယ်တွေကို သင်တန်းတွေ ပေးနေတာ။ ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပြီးမှ အဲဒီလို လုပ်နေတာနော်။ ခက်တာက ဒီအရာတော်မြို့နယ်ထဲက ပဒက်ကို ရှင်းတယ်ဆိုတာ ရှိကို မရှိဘူး။ တကယ့်လွတ်မြောက်နယ်မြေ။ သူတို့ လုပ်ချင်ရာ လုပ်နေကြတာ။ ပဒက်တွေ အဖမ်းခံရလည်း ခဏပဲ။ ပြန်လွတ်လာတာဗျ။" ဟု ပြောသည်။
အရာတော်မြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရေးအတွက် အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးဆောင်ရွက်နေသည့်အဖွဲ့နှင့် အကြမ်းဖက်သမားများထံမှ လာဘ်လာဘရယူကာ ပြန်လွှတ်ပေးသည့်အဖွဲ့ ဟူ၍ နှစ်ဖွဲ့ကွဲနေကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment