2024 KF Korean Language and Cultural Program for Diplomats ဖွင့်ပွဲအခမ်းအနားတွင် မြန်မာသံအမတ်ကြီး တက်ရောက် မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

2024 KF Korean Language and Cultural Program for Diplomats ဖွင့်ပွဲအခမ်းအနားတွင် မြန်မာသံအမတ်ကြီး တက်ရောက် မိန့်ခွန်းပြောကြား




ဆိုးလ်၊ မတ် ၁၁

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၁၁-၃-၂၀၂၄ ရက်နေ့တွင် Korea Foundation (KF) မှ ကြီးမှူးကျင်းပသည့် 2024 KF Korean Language and Cultural Program for Diplomats သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၁) နိုင်ငံမှ သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုသည့်မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ 

Korean Language and Cultural Program for Diplomats သင်တန်းအစီအစဉ်ကို ကိုရီးယား နိုင်ငံတွင် (၂) လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ သင်တန်းကာလအတွင်း Korea National Diplomatic Academy နှင့် Soon Chun Hyun University တို့မှ ကိုရီးယားဘာသာစကား၊ သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဘာသာရပ်များအား သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် ဂျယ်ဂျူးမြို့သို့ လေ့လာရေးခရီးစဉ် စီစဉ်ထားပါသည်။ 

အခမ်းအနားတွင် သံအမတ်ကြီးဦးသန့်စင်က အခမ်းအနားသို့ တက်ရောက်လာသည့် သံအမတ် ကြီးများကိုယ်စား သင်တန်းသားများသို့ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ Korea Foundation မှ Public Diplomacy ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များ၊ ကိုရီးယားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒတစ်ရပ်ဖြစ်သည့် အင်ဒို-ပစိဖိတ်မဟာဗျူဟာနှင့် Soft Power တို့ကို လိုက်လျောညီထွေစွာ ချိတ်ဆက်ဆောင်ရွက်နေမှုများအပေါ် ဂုဏ်ပြုစကား ထည့်သွင်းပြောကြားခဲ့ပြီး၊ သင်တန်းသားများအား သင်တန်းကာလအတွင်း မည်ကဲ့သို့လေ့လာ သင်ယူနေထိုင်သွားရန်တို့ကို အကြံပြုအမှာစကားများ ပြောကြားခဲ့သည်။ 

ယင်းဖွင့်ပွဲအခမ်းအနားတွင် Korea Foundation ဒုတိယဥက္ကဋ္ဌ Ambassador H.E. Jong Kook Lee နှင့် Soon Chun Hyun University ဒုတိယဥက္ကဋ္ဌ Mr. Yoonha Kim တို့ကလည်း မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)