ယနေ့ တိုင်းပြည်ကို ဦးဆောင်နေသူထဲမှာ ရခိုင်တိုင်းရင်းသားတွေပါတယ်။ ရခိုင်ပြည်နယ်မှာ မိုခါမုန်းတိုင်း ဆိုးရွားစွာ ခံခဲ့ရပြီး ယခင်အခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ် ကိုင်တိုင်၊ ဒုတိယဝန်ကြီးချုပ်ကိုင်တိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများ သွားရောက် ဆောင်ရွက်ခဲ့ကြတယ်။ အနယ်နယ်အရပ်ရပ်က ပရဟတိအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ပြီး အပျက်အစီးများကို ရှင်းလင်းပေးခဲ့တယ်။
မူလပေးထားချက် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးအတွက် လှူငွေ သိန်းပေါင်း (၇၀၀၀၀) နဲ့ ထပ်မံလှူဒါန်းမှုတွေကိုလည်း ပံ့ပိုးပေးခဲ့တယ်။
များမကြာမီ ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်နေစဉ်အတွင်းမှာပဲ AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မှာ စစ်မီးမွှေးလာတယ်။ စစ်ဘေးရှောင်ပြည်သူတွေ များပြားနေပြီမဟုတ်လား။ ပျက်စီးဆုံးရှုံးမှုတွေ မြင်ရက်စရာ မရှိတော့ဘူး။ အဲဒါ တပ်မတော်က လုပ်နေတာလား။ အပြစ်မဲ့ ဝန်ထမ်းမိသားစုတွေကို ရာနဲ့ချီပြီး ရက်စက်စွာ သတ်ဖြတ်တဲ့အလုပ်တွေကို တပ်ကလုပ်နေတာလား၊ AA အကြမ်းဖက်အဖွဲ့က လုပ်နေတာလား။ မိုခါဆိုင်ကုလန်းမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ပြုပြင်ဖို့ အနယ်နယ်အရပ်ရပ်က ဝိုင်းဝန်းလှူဒါန်းဖို့ ဝန်မလေးဘူး။
AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပါတယ်ဆိုသူတွေ AA အကြမ်းဖက်အဖွဲ့က ဖျက်ဆီးထားတဲ့ အမှိုက်ပုံတွေကြားမှာ နေရမှာပေါ့။ AA အကြမ်းဖက်အဖွဲ့က MNDAA ကို အဖေခေါ်ပြီး ရှမ်းမြောက်မှာလည်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ပါဝင်တိုက်ခိုက်ခဲ့ပြီ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း သူ့ပထွေး KIA နဲ့ ပေါင်းပြီး ရဟန်းသံဃာတော်များပါမချန် သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပြီးပြီ။ နောက်ဆုံးတော့ ရခိုင့်တပ်တော် လို့ ခင်ဗျားတို့ တင်စားခေါ်ဝေါ်နေတဲ့ AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်ကို အမှိုက်ပုံဖြစ်အောင် လုပ်နေပြီ။ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြပါ။
အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ကတော့ ကမ္ဘာမကြေပါပဲ။
(ဓာတ်ပုံ - မင်းပြားမြို့ ပျက်စီးယိုယွင်းနေသော မြင်ကွင်းများ)
#News
No comments:
Post a Comment