ရွှေတောင် မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ မီးဘေးလုံခြုံရေးစစ်ဆေး‌ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင် မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ မီးဘေးလုံခြုံရေးစစ်ဆေး‌ ဆောင်ရွက်




MNP ၊ ရွှေတောင် မတ် ၉

၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ နိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်ရှိ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့်  ပူးပေါင်းအဖွဲ့များက စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးအတွက် ကာကွယ်ပြင်ဆင်ထားမှုများ၊ စာစစ်ဌာနများတွင်  လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေ စိတ်ချရမှုရှိ/မရှိ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အရန်သင့်ထားရှိမှု၊ မီးသတ်ရေကန်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြပြီး မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် စာစစ်ဌာနများက လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြု လမ်းညွှန်မှာကြားခဲ့ကြသည်။

ရွှေတောင် မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၄)ခုရှိပြီး၊ အဆိုပါစာစစ်ဌာနများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ဒေသတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ပညာရေးဌာန တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)