အမ်းခရိုင် အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူများအုပ်ထိန်း သူမိဘဆရာများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းခရိုင် အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူများအုပ်ထိန်း သူမိဘဆရာများနှင့်တွေ့ဆုံ

  




MNP ၊ အမ်း  မတ်  ၈ 

 ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်

၌ ၂၀၂၃-၂၀၂၄ ခုပညာသင်နှစ်တက္က သိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲဖြေဆိုရန်ရောက်ရှိနေသည့်

ကျောင်းသား၊ကျောင်းသူများ အုပ်ထိန်း သူ မိဘဆရာများအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်မျာမြို့နယ်

စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများက ယ နေ့ နေ့လည်အချိန်က သွားရောက်တွေ့ ဆုံခဲ့ကြောင်းသိရသည် ။

   ထိုသို့တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊  ဌ ာနဆိုင်ရာတာဝန်ရှိသူများကနေထိုင်ရေး၊စားသောက်ရေးသောက်ရေ

သန့်နှင့်လျှပ်စစ်မီးရရှိရေး၊ကျန်မာရေးကိစ္စများ၊ကြို/ပို့ကိစ္စရပ်များအဆင်ပြေစေရေးအတွက်ကူညီဆောင်ရွက်ထားရှိ

မှုများနှင့်စားသောက်ရေးအဆင်ပြေစေရန်ကူညီရန်လိုအပ်ချက်များအားမြို့ပေါ်ရှိ ဓာတ်ပေါင်းစုစေတီဓမ္မာရုံ၊ မဟာဆူးကျောင်းတိုက်၊အမှုထမ်း(၁)မူလတန်းကျောင်း၊ မြို့ဦးကျောင်း၊ ဗန်းတောင်ကျောင်း၊ပြည်ကျောင်းတိုက်များသို့သွားရောက်၍ တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုရန်ရောက်ရှိနေကြသော ကျောင်း သားကျောင်းသူများ အုပ်ထိန်းသူ မိဘဆရာများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ကူညီရန်လိုအပ်ချက်များအားပေါင်းစပ်ညှှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)