AA အမျိုးယုတ် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ အခြေခံပညာ မူလတန်း(လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်များပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အမျိုးယုတ် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ အခြေခံပညာ မူလတန်း(လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်များပျက်စီး

 





နေပြည်တော်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောရွာမအုပ်စု၊ ရွှေပြည်သာ ကျေးရွာအတွင်းသို့ AA အမျိုးယုတ် အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်း အတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ AA အမျိုးယုတ် အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၉ နာရီ ခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိသော အခြေခံ ပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦများ ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။


AA အမျိုးယုတ် သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ယခုတွင်လည်း အနာဂတ် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားပို့ချပေးနေသည့် ပညာရေး အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များသည် လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိသဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)