ရခိုင်ပြည်က ပေးတဲ့ သင်ခန်းစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်က ပေးတဲ့ သင်ခန်းစာ






၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ NLD နိုင်ခဲ့တဲ့ အထဲမှာ ရခိုင်ပြည်မပါဘူး။ ရခိုင်ပြည်နယ်မှာ ANP ရခိုင်အမျိုးသားပါတီ က နိုင်ခဲ့တယ်။ ရခိုင်နိုင်ငံရေးသမားကြီးတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီကို တိုင်းရင်းသားတွေအပေါ် သဘောထားကြီးလိမ့်မယ်၊ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို အလေးထားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ANP ကို ဖွဲ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက သဘောထားကြီးစွာနဲ့ NO လို့ ပြောလိုက်ပါတယ်။ ရခိုင်နိုင်ငံရေးသမားကြီးများ NLD ပါတီရဲ့ အတ္တကို သိမြင်နားလည်သွားခဲ့ကြတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ခိုးဝင်ဘင်္ဂါလီများက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတယ်။ လူမျိုးအရေးကို နိုင်ငံတကာက ဖိအားပေးနေတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့တယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ရခိုင်နိုင်ငံရေးသမားတွေ ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြတယ်။ မည်သို့ပင် ရခိုင်နိုင်ငံရေးသမားများက ထောက်ပြစေကာမူ NLD ပါတီက ထည့်မတွက်ပါဘူး။ ရခိုင်နိုင်ငံရေးသမားတွေရဲ့ လိုလားချက်တွေကိုလည်း အလေးမထားပါဘူး။

ဒီလိုနဲ့ သောင်ပြိုကမ်းပြို နိုင်ခဲ့တဲ့ ပါတီကြီးဟာ ရွေးကောက်ပွဲကာလမှ ပြောတဲ့ စကားနဲ့ အာဏာရတဲ့အချိန်မှာ လုပ်တဲ့ အလုပ်တွေဟာ တခြားစီဖြစ်လာတယ်။ NLD နိုင်ငံရေးသမားတွေရဲ့ ပါးစပ်ဖျားမှာ တတွတ်တွတ် ရွတ်ဆိုမြည်တမ်းလေ့ရှိတဲ့ ဥပဒေစိုးမိုးရေးနဲ့ လူအခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ NLD လွှတ်တော်အမတ်တွေက အမှုပွဲစားလုပ်ပြီး ကိုယ်ကျိုးရှာလာကြတယ်။ ၅နှစ်တာ ကာလ မြေယာပြဿနာတွေမှာ နစ်နာဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေကို လှည့်မကြည့်ခဲ့တဲ့ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတော့ မြေယာပြဿနာတွေ ဖြေရှင်းပေးစေချင်ရင် ၂၀၂၀ မှာ NLD ကို မဲပေးဖို့ စည်းရုံးသိမ်းသွင်းခဲ့တယ်။ အကျိုးစီးပွားနဲ့ ကိုယ်ပေါက်ပြီး မဲခိုးတဲ့နည်း။ လမ်းဘေးမှာ မဲစာအိတ်တွေခေါက်ခိုင်းပြီး လုပ်တာက ဗြောင်ကျကျ မဲခိုးတဲ့နည်း။ အောက်လမ်းနည်းပေါင်းများစွာနဲ့ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ပါတီရဲ့ လုပ်ရပ်တွေအပေါ် ဖြေရှင်းဖို့ အခြားသော ပါတီများက တောင်းဆိုလာတဲ့အခါမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထမိန်ခြုံတွေက ဂျက်လကန်ပေးပြီး ငြင်းတော့တာပါပဲ။

NLD ပါတီဟာ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားရာမှာ မအောင်မြင်ဘဲ ရာဇပုလ္လင်ပေါ်ကနေ လမ်းဘေးရောက်၊ ထောင်ထဲရောက် ဖြစ်ကုန်ကြတယ်။ လမ်းဘေးရောက်တဲ့အချိန်ကစပြီး ဆူပူအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာကြတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်တော်များများက NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါခဲ့ကြတယ်။ ရခိုင်ပြည်သူတွေက NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုတွေအပေါ် လိုက်ပါ လုပ်ဆောင်ခြင်း မရှိခဲ့ဘူး။ နီပိန်းလေးတွေက ရခိုင်တွေ မပါရကောင်းလားလို့ ပြဿနာသွားရှာကြတယ်။ ရခိုင်လူငယ်တွေက NLD ပါတီက ယုတ်မာကောက်ကျစ်ခဲ့တဲ့ လုပ်ရပ်တွေကို အမျိုးသားရေးရှုထောင်ကနေ ပြန်လည်ချေပပြောဆိုကြတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူအချင်းချင်း သတ်ခဲ့တဲ့ ဖြစ်စဉ်မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ စာသင်ကြားနေတဲ့ ကလေးငယ်တွေအတွက် ပကတိ အေးချမ်းမှုရစေခဲ့တယ်။ မိုခါမုန်းတိုင်းဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည့် တိုင်အောင် အချိန်တိုအတွင်းမှာ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အခြေခံပညာသင်ယူနေတဲ့ ကျောင်းသားတွေအတွက် ပညာရေးနောက်မကျရအောင် စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ မိုခါမုန်းတိုင်းရဲ့ ရက်စက်မှုဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို မူလအခြေအနေထက် သာလွန်တဲ့ အခြေအနေမျိုးကိုရောက်အောင် ပြန်လည်ပြင်ဆင်ဆောင်ရွက်ဖို့ ငွေအလုံးအရင်းနဲ့ နိုင်ငံတော်က ဆောင်ရွက်ခဲ့တယ်။ အနယ်နယ်အရပ်က လုပ်အားပေးတွေလည်း ကူညီခဲ့ကြသလို လုပ်ငန်းရှင်များကလည်း ငွေအားနဲ့ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ 

ရခိုင်ပြည်နယ်မှာ အမျိုးယုတ်နည်းတယ်။ အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးနေတာကိုလည်း အားရကျေနပ် ဖြစ်မိတယ်။ 

ယခု ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပြန်ပြီး ချိန်ဆကြည့်လိုက်တော့ ရခိုင်ပြည်နယ်ကို ငွေအလုံးအရင်းနဲ့ အားသွန်ခွန်စိုက် ပြုပြင်ပေးခဲ့တာ မှားတယ်။ မိုခါမုန်းတိုင်းဒဏ်သင့်ခဲ့တာတွေ ကို ပြင်ဆင်နေချိန်မှာပဲ AA အမျိုးယုတ်တွေက ရခိုင်ပြည်နယ်ကို ပြာပုံဘဝ ပြန်ရောက်အောင် ရက်စက်စွာ လုပ်ဆောင်လာခဲ့တယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့များကဲ့သို့ ပြည်သူအများ အတိဒုက္ခရောက်အောင်ဖန်တီးပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းလာကြတယ်။ 

ဘယ်တတ်နိုင်မလဲ။ NLD ဦးဆောင်သူတွေက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတတွတ်တွတ် ရေရွတ်နေချိန်မှာ ULA/AA ဆိုတဲ့ အဖွဲ့ဟာလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ ဆောင်ပုဒ်ကို အခွင့်အခါသင့်တိုင်း ကြွေးကြော်နေရေရဲ့။ စကားနောက် တရားပါ ဖြစ်ရတာပါပဲ။ ရခိုင်တွေ ဒုက္ခရောက်အောင် ရခိုင်တွေကိုယ်တိုင်ပဲ ဖန်တီးနေကြတယ်။ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားခွင့်ရခဲ့တဲ့ ရခိုင်ပြည်မှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာရင်းရှိကျောင်းသားဦးရေ (၁၈၆၀၂) ဦး ရှိတဲ့အထဲက ကျောင်းသား (၈၅၄၃) ဦးသာ စာမေးပွဲ ဖြေဆိုခွင့်ရခဲ့တယ်။ မိုခါမုန်းတိုင်းဖျက်ဆီးသွားတဲ့ အပျက်အစီးတွေကို အစိုးရက ဒေသခံပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး အားသွန်ခွန်စိုက် ပြင်ဆင်ဆောင်ရွက်ခဲ့တာတွေဟာလည်း အဟောသိကံ ပါပဲ။ အခု ပြုပြင်မွမ်းမံ ပြင်ဆင်ထားတဲ့ အရာတွေကို AA အမျိုးယုတ်တွေက ပယ်ပယ်နယ်နယ် ဖျက်ဆီးနေပြီမဟုတ်လား။ တကယ်ဆိုရင် အစိုးရက မိုခါမုန်းတိုင်းကြောင့် ပျက်စီးခဲ့တာတွေကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်မယ်လို့ စိတ်ကူးလိုက်တဲ့ အချိန်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ် ဆိုတဲ့ ရခိုင်အမျိုးအယုတ်တွေကို မင်းတို့ အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်မှာလား မေးပြီးမှ ပြင်သင့်ပါတယ်။ ၂ခါ မဆုံးရှုံးရတော့ဘူးပေါ့။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နောက်ကို ရခိုင်အမျိုးသားရေးဝါဒီတွေ လိုက်ပါလုပ်ဆောင်လိမ့်မယ်လို့ လုံးဝမထင်ခဲ့မိဘူး။ CRPH, NUG အကြမ်းဖက်အဖွဲ့ကောင်တွေက ULA/AA ဦးဆောင်သူတွေကို ဘယ်လိုများ ကြုံးသွင်းလိုက်လေသည်မသိ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ကြလေတော့၏။ ရခိုင်ပြည်ကို ရခိုင်တွေကပင် ဖျက်ဆီးကြတော့၏။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)