ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လာခြင်းကြောင့် တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူ ၁၀၀၅၉ ဦး စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လာခြင်းကြောင့် တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူ ၁၀၀၅၉ ဦး စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံး


နေပြည်တော်၊ မတ် ၂၀

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ်မှစ၍ တည်ငြိမ်အေးချမ်းစွာဖြင့် အခြေခံပညာကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူခွင့်ရရှိခဲ့သော်လည်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခြင်းကြောင့် အခြေခံပညာကျောင်းသားများစာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသည်။

အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်၊ မြို့နယ်(၁၇)မြို့တွင် စာရင်းရှိ တက္ကသိုလ်ဝင်တန်းကျောင်းသား (၁၈၆၀၂) ဦး ရှိသော်လည်း စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်သူ (၈၅၄၃)ဦးသာ ရှိပြီး စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့ရသည့် ကျောင်းသား/ကျောင်းသူ (၁၀၀၅၉)ဦးအထိ ရှိပြီး ရာခိုင်နှုန်းအားဖြင့် ဖြေဆိုရာခိုင်နှုန်း (၄၅.၉၃) ရာခိုင်နှုန်းသာ ရှိသည်။

အခြေခံပညာဦးစီးဌာနက အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောက်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း စာမေးပွဲဖြေဆိုခွင့် မရခဲ့သည့် ကျောင်းသား/ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာတိုင်းဒသေကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုအရ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသားများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မုံထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြနထားခြင်းဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)