ရွှေတောင် မတ် - ၂၀
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်းYouth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ " လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာပေမှဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ အချင်းချင်း အပြန်အလှန် ဆွေး နွေးနိုက်ခြင်း၊စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ လာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ " လူငယ်လမ်းညွှန်" စာအုပ်ပါ " လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး "အကြောင်းအရာများဖြင့်စတင်ဆွေးနွေးခဲ့ပြီး Grade-11 ကျောင်းသူ မဖူးဖူးမိုးက " အာဟာရနှင့်ကိုယ်လက်လှုပ်ရှားမှု" အကြောင်းအရာဖြင့် လည်း ကောင်း၊ Grafe-11 ကျောင်းသူ မအိသဇင်ဖြိုးက "က " မှန်ကန်သော စိတ်နေသဘောထား"ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မအိမ့်ကြည်ဖြူက " လူငယ်နှင့် အလေ့ အထကောင်းများ " ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အဆိုပါ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment