သရက် မတ် ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နွေရာသီ အခြေခံကဗျာရေးသားနည်းသင်တန်းဖွင့်လှစ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးမြင့်သိန်း မောင်မင်းသိမ်း (သရက်) နှင့် သင်တန်းနည်းပြဆရာ ဦးဌေးလှိုင်တို့က သင်တန်းတွင် ပို့ချပေးမည့်သင်ခန်းစာများနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၀) ရက်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment