ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေတက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေတက်ရောက်ဆွေးနွေး

 


ဘိုကလေး မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် အဖွဲ့သည် ယမန်နေ့ ည(၇)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသော ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဦးစီး ဗိုလ်မှူးကြီး စိုးစိုင်းအောင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့်အဖွဲ့၊ ဘိုကလေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့ပေါ်ရှိ ရပ်ကွက် (၁၀)ခုနှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အင်အား (၁၅၀)ခန့် တက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ပြည်သူများအနေဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သတ်၍ စိုးရိမ်မှုများ မဖြစ်ပေါ်စေရေး၊ ယုံမှားသံသယများမဖြစ်ပေါ်စေရး၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက် သော ဥပဒေ၊ နည်းဥပဒေများအား ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ယခု ဆွေးနွေးပွဲအား ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုဆွေးနွေးပွဲသို့ တက်ရောက်ကြသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား နားလည်သဘောပေါက်အောင် ပြန်လည်အသိပညာပေး မျှဝေကြရန် လိုအပ်ကြောင်းနှင့် စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ၊  စစ်မှုထမ်းရမည့် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက် စသော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော သိကောင်းစရာများအား အကျယ်တဝင့် ပြည့်စုံစွာဆွေးနွေးခဲ့ကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)