မုံရွာ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သတင်းရေးသားနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်သုံးရပ် ကိုအလေးအနက် ထားပြီး ပြန်ကြားရေးလုပ်ငန်းမှာပါတဲ့ သတင်းရေးသားထုတ်ပြန်ခြင်း၊ ဗီဒီယိုသတင်းများ ရိုက်ကူး ပေးပို့ခြင်း၊ ရိုက်ကူးထုတ်လွှင့်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား စေရေး၊ သတင်းခေတ်နှင့် အညီ သတင်းများထုတ်ပြန်ဆောင်ရွက်နိုင်ရေး သတင်းရေးသားနည်း သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြများက သတင်းရေးသားရာတွင် ပါရှိရမည့် အချက်အလက်များ စုံလင် မှုရှိရေး၊ ဆောင်ရန်၊ ရှောင်ရန်တို့ကိုလည်းကောင်း၊ Mobile Phone ဖြင့် ဓာတ်ပုံ၊ Video ရိုက်ကူးရာတွင် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ဗီဒီယိုတည်းဖြတ်နည်းများ၊ ဗီဒီယိုရိုက်ကူးခြင်း၊ အသံသွင်းခြင်း၊ ရုပ်သံတည်းဖြတ်၍ အသံသွင်းပြီးသည့် ဗီဒီယို Export ထုတ်နည်းများကို သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ ၁၀ ဦး တက်ရောက်သင်ကြား၍ သင်တန်းကာလမှာ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment