တောင်ကုတ်မြို့၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ





တောင်ကုတ် ၊ မတ် ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန် ဖောင်တော်ဦးစေတီတော် ၊ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတည်ဆောက်သည်။

ဆက်လက်၍ ရန်ခေါ်ဆရာတော်မှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားပင့် ဆောင်ခြင်း ၊ အနန္တဂုဏ်ရည်ဆရာတော်မှ ပဌာန်းတရားနာကြားရန်အတွက် နတ်ဗြဟ္မာများအားပင့်ဖိတ်ခြင်း ၊ ဝိသုဒ္ဓါရာမ ဆရာတော်မှ ပဌာန်းတရားနာကြားရန် တိုက်တွန်း နှိုးဆော်လွှာ ပဌာန်းအမွှန်းဂါထာတော်အား ရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ကြပြီးနောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်း ကို သံပြိုင်ညီညာရွတ်ဆို၍ အလှည့်ကျ ဘာဏက သံဃာတော်များမှ အစီအစဉ်အတိုင်းရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါအခမ်းအနားသို့ တေင်ကုတ်မြို့နယ်ရှိ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ နှင့် ပင့် သံဃာတော်များ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ အလှူရှင် များတက်ရောက်ခဲ့ကြပြီး ပဌာန်းပွဲတော်ကို မတ်လ(၃)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)