ရွှေတောင်မြို့နယ် အတွင်းအသက်(၈၅) နှစ် ထက်အဘိုးအဘွားများအား လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အတွင်းအသက်(၈၅) နှစ် ထက်အဘိုးအဘွားများအား လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ပေးအပ်

 




ရွှေတောင် ၊  မတ် ၁


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ရပ်ကွက် နှင့် ကျေးရွာအုပ်စုများအတွင်းရှိအသက်(၈၅) နှစ် ထက်အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

        ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက် နှင့်ကျေးရွာအုပ်စုများရှိသက်ကြီးအဘိုးအဘွား 

(၁၀၁၄) ဦးအတွက် တတိယ. ( ၃)ပတ် (အောက်တိုဘာ  ၊နိုဝင်ဘာ၊ ဒီဇင်ဘာ ) လများအတွက်တစ်လလျှင် ( ၁၀၀၀၀)ကျပ် ( ၃) လစာတစ်ဦးလျှင် ( ၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ( ၃၀၄၂၀၀၀၀)ကျပ်ကိုလူမှုဝန်ထမ်းဦးစီးဌာန၊တာဝန်ရှိသူများမှထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

     အဆိုပါအသက်(၈၅) နှစ်ထက် အဘိုးအဘွားများအား လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ ဒေါ်နန်းမြအေးနှင့်အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိမိချို နှင့်ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့် နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များနှင့်အတူ ကြာနီကန် ရပ်ကွက်အတွင်းအသက်(၈၅) နှစ် ထက်အဘိုးအဘွားများအား တတိယ. ( ၃)လပတ် (အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာ ) လအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန မှအဘိုးအဘွားများအား သွေးပေါင်ချိန်တိုင်တာပေးခြင်းနှင့် သင့်တော်ရာဆေးဝါးများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)