ဘုတ်ပြင်း မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ဘာသာရပ်စွမ်းရည်မြှင့် ဆရာ/ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြား၊သင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်း/ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့်သင် ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဆွေးနွေးပွဲ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပေးသည့် အတွေ့အကြုံများကို မိမိကျောင်းသို့ ရောက်ရှိသည့်အခါ ကျောင်းအုပ်ကြီးများ၏ ကြီးကြပ်မှုကို ခံယူပြီး မိဘ၊ဆရာ၊ကျောင်းသား ဟန်ချက်ညီအောင် ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အခြေခံပညာအထက်တန်းအဆင့် သင်ကြားရေးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အရည်အချင်း ပြည့်ဝသည့် အထက်တန်းအဆင့်သင် ဆရာ/ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သီဟက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
သင်းတန်းတွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်း၊မူလတန်း ကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်သင် ဆရာ၊ဆရာမများ သင်တန်းသား၊ သင်တန်းသူ (၃၅၇)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ခန်းစာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment