ရွှေတောင် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ သင်တန်းအား မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းကို ကြီးကြပ် ( ၅) ဦး၊ သင်တန်းနည်းပြ (၅၆)ဦးဖြင့် သင်တန်းသား/ သူ ( ၈၅၁)ဦးအားအခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းဆွေးနွေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းကို ကြီးကြပ် ( ၃) ဦး၊ သင်တန်းနည်းပြ (၁၁)ဦးဖြင့် သင်တန်းသား/ သူ (၂၃၂)ဦးအား အထက( ကြာနီကန်) ကျောင်းဆွေးနွေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ( ၂၅- ၃- ၂၀၂၄) မှ ( ၃၀- ၃- ၂၀၂၄) ထိ ( ၅) ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment