ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်ဥများ ၁၅၅၀ လုံးဥဥထားပြီး ရာနှုန်းပြည့်သားပေါက်ရန်မျှော်လင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်ဥများ ၁၅၅၀ လုံးဥဥထားပြီး ရာနှုန်းပြည့်သားပေါက်ရန်မျှော်လင့်




ညောင်ဦး၊ မတ် ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိသည့် မြန်မာ့မျိုးရင်း ကြယ်လိပ်များ ယခုနှစ်တွင် ထောင်နှင့်ချီဥဥထားပြီးဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိသူများထံက သိရသည်။

ကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းရေးအတွက် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ ကောင်၊ အမအကောင် ၄၀ စုစုပေါင်း ၈၂ ကောင်ကို ၂၀၀၁ ခုနှစ်မှ စတင်မွေးမြူခဲ့ကြောင်း၊ မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ်ထောင်နှင့်ချီ ပေါက်ဖွားလာနေကြောင်း၊ ကြယ်လိပ်များ မိတ်လိုက်ချိန်ဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင်မိတ်လိုက်ကြကာ စက်တင်ဘာ လမှမတ်လကုန်အထိ ဥဥကြကြောင်း၊ အရွယ်ရောက်ပြီးသား ကြယ်လိပ်မတစ်ကောင်သည် ဥတစ်လုံးမှ ၁၆ လုံးထိဥဥကြကာ မေလ ၂၅ ရက်နောက်ပိုင်းမှစတင်ကာ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ကြယ်လိပ်များသားပေါက်ကာ မြေပေါ်သို့တက်လာကြကြောင်းသိရသည်။ ကြယ်လိပ်များဥဥရန် ဥကျင်းတူးချိန်၌ ဥယျာဉ်ဝန်ထမ်းများက ဥချသည့်ရက်စွဲ၊ ဥဥသည့် ကြယ်လိပ်မနံပါတ် ၊ဥအလုံးရေးတို့အား တိုင်များထောင်၍မှတ်သားထားပြီး ကြယ်လိပ်ပေါက်ချိန် ဥကျင်းများထဲက တက်လာသည့် ကြယ်လိပ်များရေတွက်၍ ဘယ်နှစ်လုံးဥ၍ ဘယ်နှစ်ကောင်ပေါက်သည်ကို သိရှိနိုင်ကြောင်း သိရသည်။ ယခုနှစ်တွင် ကြယ်လိပ်ဥများ ၁၅၅၀ ခန့် ဥဥထားရှိ မှတ်သားထားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် အရွယ်ရောက်ကြယ်လိပ်များအား ကြယ်လိပ်များ၏ နေရင်းဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး/ စကုမြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့ တောဥယျာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောဥယျာဉ်သို့ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်ရန် ပြန်လည်လွှတ်ပေးလျှက်ရှိကြောင်း သိရသည်။


ဒီပါလင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)