နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်၍ ပါတီဝင်နိုင်ငံရေးသမားကောင်းများ မွေးထုတ်ပေးလျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်၍ ပါတီဝင်နိုင်ငံရေးသမားကောင်းများ မွေးထုတ်ပေးလျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား








မန္တလေး၊ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀:၀၀ အချိန် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ  ပါတီဝင်အသစ် (၁၇၄၁)ဦး၏ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ " ယခုလို မိမိတို့ ပါတီသို့ ပါတီဝင်များအဖြစ် ဝင်ရောက်လာမှုအပေါ် များစွာဂုဏ်ယူပါကြောင်းနှင့် နွေးထွေးပျူငှာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ပါတီဟာ သမိုင်းလိုအပ်ချက် နိုင်ငံတော်လိုအပ်ချက်အရ ဖြစ်တည်လာခဲ့သည့် သမိုင်းကြောင်းကောင်းသည့် အသင်း/ပါတီကြီးဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်၍ မိမိတို့ပါတီအနေဖြင့် ပါတီဝင်နိုင်ငံရေးသမားကောင်းများအား မွေးထုတ်ပေးလျက်ရှိကြောင်းနှင့် လက်ရှိမိမိဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပြည်သူများ၏ အနာဂတ်ဘဝများ တိုးတက်စေရန် ရေတိုရေရှည်လုပ်ငန်းစီမံချက်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း " ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ပါတီဝင်အသစ်များ စည်းရုံးရရှိခဲ့မှုအခြေအနေနှင့် ဆောင်ရွက်မှုများအား တင်ပြခဲ့ပြီး ပါတီဝင်အသစ် (၁၇၄၁)ဦး၏ ပါတီဝင်အဆိုပြုလွှာများအား ခရိုင်ပါတီဥက္ကဋ္ဌများက သက်ဆိုင်ရာနယ်မြေများအလိုက် ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသင်းဘဝမှ လက်ရှိအချိန်ထိ ဆောင်ရွက်မှု မှတ်တမ်း Video အားပြသခဲ့သည်။ 

ထို့နောက် ပါတီဝင်အသစ်များထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ " ပါတီဝင်တစ်ဦးထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း အပ်နှင်းပါကြောင်း၊ ပါတီဝင်များဖြစ်ကြပြီဖြစ်သည်နှင့်အညီ ပါတီအပေါ်ကို သစ္စာစောင့်သိရမည်ဖြစ်ပါကြောင်း၊ မိမိတစ်ဦးတစ်ယောက်မှသည် ပြည်သူအများပါဝင်လာအောင် စည်းရုံးဆောင်ရွက်နိုင်သော စည်းရုံးရေးသမား ကေဒါကောင်းများဖြစ်အောင် ကြိုးစားနိုင်ကြပါစေကြောင်း" ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ ပါတီဝင် လူငယ်မောင်မယ်များ၏ "ရာသက်ပန် ပြည်ထောင်စု" တေးသရုပ်ဖော်အား ကြည့်ရှုအားပေးကာ အခမ်းအနားကို ကြွေးကြော်သံများဟစ်ကြွေး၍  ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)