အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ





နေပြည်တော်၊ မတ်လ ၂၁

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းမ၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁၉၅၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအမှတ် (၇) ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ထားပြီး နိုင်ငံ၏လုံခြုံရေးကို နိုင်ငံသားများက တပ်မတော်နှင့်အတူ ပူးပေါင်း၍ ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း ခံစားရမည့် အကျိုးခံစားခွင့်များရှိသကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များကိုလည်း ကျေပွန်ရန် လိုအပ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအမှတ် (၂၇/၁၀) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းမှာ ဝန်ထမ်းများကို မိမိနိုင်ငံတွင် ပြဋ္ဌာန်းထားသည့်ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို လက်တွေ့ကျင့်သုံးလျက်ရှိပါကြောင်း၊ နိုင်ငံနှင့်လူမျိုးကို တိုင်းချစ် ပြည်ချစ်စိတ် နှင့်သာ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ တချို့သတင်း မီဒီယာများမှ မဟုတ်မမှန်သတင်းမှားများ ဖော်ပြလျက်ရှိသည့်အတွက် သတိစွဲကပ်ကြရန် နှင့် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ရှိကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် ကော်မရှင်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုဖွဲ့စည်းခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များကို ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသည့်ဝန်ထမ်းများက သိရှိလိုသည်များ နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့မှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က ဖြည့်စွက်ဆွေးနွေး ဖြေကြားခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)