ဓနုဖြူမြို့နယ်တွင် (၁၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် (၁၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ





ဓနုဖြူ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၁၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျိုက္ကလွန်ပွန်းစေတီတော် မြတ်ကြီးအတွင်းရှိ ဦးဖိုးရွှေဓမ္မဗိမ္မာန်တော်ကြီးတွင် ကျင်းပခဲ့သည်။      

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးရေဝတထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဩဝါဒါကထာနာယူခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအေးကိုတင့်မှ သာသနာ ရေးရာများလျှောက်ထားခဲ့ပြီး ဩဝါဒစရိယဆရာတော်ကြီးများအား နဝကမ္မအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အစိုးရပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းအောင်(၂၀)ပါး၊ ပထမလတ်တန်းအောင် (၁၇)ပါး၊ ပထမငယ်တန်းအောင် (၂၅)ပါး၊ အခြေပြုမူလတန်းအောင် (၅၇)ပါး၊ စုစုပေါင်း အပါး(၁၁၉)ပါးတို့အား အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျင်းပရေး ကော်မတီမှ ဦးလှိုင်ထွန်းလင်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ ကမ္မဌာန်း ကျောင်းတိုက်ဆရာတော် ဦးတေဇဝံသထံမှ ရေစက်ချတရားနာယူ၍ အခမ်းအနား ပထမပိုင်းကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။       

ထို့နောက် အခမ်းအနားဒုတိယပိုင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျိုက္ကလွန်ပွန်းစေတီတော်ရင်ပြင်တွင် ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များမှ ဆရာတော်သံဃာတော်များ သာသနာ့အနွယ်ဝင် သီလရှင်များ စုစုပေါင်း(၁၆၈) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)