သင်္ဂတုံကျေးရွာတွင် ဖယောင်းဖျာ ရက်လုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဂတုံကျေးရွာတွင် ဖယောင်းဖျာ ရက်လုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိ



စဉ့်ကိုင် မတ် ၂၅

မြန်မာတို့၏ ရိုးရာလက်မှုပညာတစ်မျိုးဖြစ်သည့် ဖယောင်းဖျာရက်လုပ်ခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာနေသူများအနေဖြင့် ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်ရောင်းချရသဖြင့် မိသားစု အပိုဝင်ငွေ ရရှိ၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပူပြင်းခြောက်သွေ့သည့် ယခုလို နွေဦးအချိန်ကာလတွင် ‌အညာဒေသ၏ အိမ်များ၌ ‌ဖယောင်းဖျာများ ခင်းထားလျှင် လန်းဆန်းအေးမြပြီး နေထိုင်၍ အလွန်ကောင်းလှပါသည်။ ဖယောင်းဖျာ ရက်လုပ်ရန်အတွက်  ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဖယောင်းအပင်များကို ကံကြီးကျေးရွာသို့ သွားရောက်ခုတ်ယူရသည်။ ခုတ်ယူပြီးသော ဖယောင်းပင်များကို (၅) ရက်လောက် နေလှန်းပြီး ဖျာမရက်လုပ်မှီ ၎င်းကို ခဏတာ ရေစိမ်ထားပြီးမှသာ ရက်လုပ်၍ ရနိုင်သည်။ ထို့နောက် ဖယောင်းဖျာများ ပိုမိုလှပမှုရှိအောင် ကြိုးဆွဲရန် ပလတ်စတစ်ကြိုးကို စက်ရုံမှဝယ်ယူရပြီး ရက်ဖောက်စက်ဖြင့် ကြိုးကိုကျစ်ပြီးမှ လက်ယက်ခုံတွင်တန်းပြီး မိမိလိုအပ်သလို အလှပုံစံများ တီထွင်ဖန်တီးရက်လုပ်နိုင်ကြောင်း သိရသည်။

" ကျမတို့ကတော့ လူတစ်ယောက်ကို တစ်နေကုန်ရက်လို့ရင် ဖယောင်းဖျာ (၅)ချပ်လောက်ထိ ရက်နိုင်တာပေါ့၊ အဲ့ဒါကြောင့် မိသားစုများတဲ့ အိမ်တွေမှာဆိုလို့ရင် အချပ်ရေများများ ပိုရက်နိုင်တာကြောင့် ပိုက်ဆံများများကြပါတယ်၊ ဟိုအရင်ကဆို အရှည် (အလျား) (၆)ပေ၊ အကျယ် (အနံ) (၃)ပေလောက်ရှိတဲ့ ဖျာတစ်ချပ်ကို ဖောက်သည်သွင်းဈေးက ၁၀၀၀လောက်သွင်းရပြီး ကိုယ်တိုင်ထွက်ရောင်းရင် ၂၀၀၀ ၊ ၂၅၀၀ထိဘဲ ရောင်းရတာ၊ အခုတော့ သွင်းဈေးကိုက ၂၀၀၀ လောက် ရှိပါတယ် ကိုယ်တိုင်ထွက်ရောင်းတဲ့ သူတွေတော့ ၃၀၀၀ လောက်တော့ရတာပေါ့၊ ရာသီဥတုကလည်း နဲနဲပူလာတော့ ‌ပိုရောင်းကောင်းတာပေါ့ ဝယ်တဲ့သူတွေ အနေနဲ့ ဈေးကလည်း သက်သာကျန်းမာရေးနဲ့လည်း ညီညွတ်တော့ ပိုဝယ်ကြပြီး ရောင်းအားကောင်းလာလို့ ကျမတို့တွေရဲ့ မိသားစုစီးပွားရေး ပိုမိုအဆင်ပြေလာကြပါတယ်"ဟု ဖယောင်းဖျာရက်လုပ် ရောင်းချသူ ဒေါ်ခင်မိုးကြူ၏ ပြောကြားချက်အရ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)