ရွှေတောင်မြို့နယ်၊ မင်းကြီးကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် ( ၅) လုံးအား ထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ မင်းကြီးကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် ( ၅) လုံးအား ထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ်

 




ရွှေတောင် မတ်၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ ဇီးကျွန်းကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာတွင် ၂၂-၃-၂၀၂၄ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့်လူနေအိမ် ( ၅) လုံးအား ယနေ့ နံနက်ပိုင်းကထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ်ခဲ့သည်။

       အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ်  (၅) လုံး ၊ အိမ်ထောင်စု ( ၅)  စုအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး  ဒေါ်တင်တင်ချိုနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဇီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့ဖြင့် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော တစ်အိမ်ထောင်လျှင် ပစ္စည်း ( ၁၆) မျိုးပါပုံး ( ၁)  ပုံးစီ၊ မီးလောင်ပျက်စီးခဲ့သည့်သွပ်မိုး၊ပျဥ်ထောင်( ၂) အိမ်အတွက် (၁)အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး   (၂၀၀၀၀၀ိ/-)ကျပ်နှုန်း၊သွပ်မိုး၊ ထရံကာ (၃) အိမ်အတွက် (၁)အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး  (၁၀၀၀၀၀ိ/-)ကျပ်နှုန်း၊လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ( ၂၁၀၀ိ/-) နှုန်းဖြင့်( ၂၄) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ  (၅၀၄၀၀ိ/-)ကျပ် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ( ၇၅၀၄၀၀ိ/-)ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ပြီး  မြို့နယ်ကြက်ခြေနီအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် Hygiene Kit တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၉) မျိုးပါ ပုံး( ၁) ပုံး၊ တာပေါ်လင်စ( ၁) စ၊ စောင်( ၂) ထည်၊ဒန်အိုးရေခွက်တို့အား မီးဘေးသင့်ပြည်သူ များ၏လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)