ရွှေတောင် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်မြတ်ကြီး တောင်တော်ရင်ပြင်တော်၌( ၁၆) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့သည်။
သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော်များနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်အပါး( ၁၀၈) ပါးတို့အား ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာန အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ရွှေနတ်တောင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့များ၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များအလှူရှင်များက ဝတ္ထုငွေ၊ဆွမ်းဆန်းစိမ်း၊ လှူဒါန်းဖွယ်အစုစုတို့အား လောင်းလှူ လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှဝေလှူဒါန်းခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment