အမ်း - မတ် ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ယနေ့နံနက်က ကျောင်းသား /ကျောင်းသူများ အင်္ဂလိပ်စာဘာသာအား အေးချမ်းပျော်ရွှင်စွာဖြေဆို လျက်ရှိကြောင်းသိရသည်။
အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အထက(၁)စာစစ်ဌာန၊ အထက(၂)စာစစ်ဌာန၊ အထက (၃)စာစစ်ဌာန၊ အထက-တပ်တောင်စာစစ်ဌာန(အမှုထမ်း-၂ အထက(ခွဲ)တွင် ကျောင်းသား/ကျောင်းသူ(၉၉၄)ဦး ရှိသည့်နက် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၆၇၈)၊ပျက်ကွက် သူဦးရေ (၃၁၆)ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း ၆၈.၂၁% ရှိကြောင်း၊ အထက ကမ်းထောင်း ကြီးစာစစ်ဌာန(မြောက်ပိုင်းရပ် ကွက် အလယ်တန်းကျောင်း)တွင်စာရင်းရှိ ကျောင်းသား/ကျောင်း သူ(၃၆၁)ဦး ရှိသည့်နက် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၁၉၃)ဦး၊ ပျက်ကွက်သူဦးရေ (၁၆၈)ဦးရှိကြောင်း အထက ကမ်းနီစာစစ်ဌာန (အောက်ရွာကျေးရွာ မူလွန်ကျောင်း)တွင် စာရင်းရှိ ကျောင်း သား/ကျောင်းသူ(၆၉)ဦး ရှိသည့်နက် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၁)ဦး၊ ပျက်ကွက်သူဦးရေ (၆၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ကျောင်း သူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment